Posts

Showing posts from July, 2020

မနီးစပ်ခြင်း

မဝေးကွာခဲ့ပါဘူး--- ဆယ်ပြားစေ့ တစ်ခုစာဆိုပေမယ့် သူမနဲ့ ကျနော့် ကြား စကားလုံးတွေပဲ အက္ခရာထပ်အောင် ခြားခဲ့တယ် လွမ်းတယ်လို့ ပြောရအောင်လဲ ရေမြေတွေ ခြားနေခဲ့တာမှ မဟုတ်ပဲလေ--- ပုစ္ဆာဆန်စွာ ထွန်းညှိခံခဲ့ရတဲ့ ကျနော့် လခြမ်းလေးက သီအိုရီတွေ ဘောင်ခတ်ထားတဲ့ ဟော... ဟို ကောင်းကင်ထဲမှာမှ လင်းလတ်ချင်သတဲ့လေ--- ကျနော်ကတော့ ခေတ်ပေါ်လား ခေတ်ကျော်လား မဝေခွဲတတ်ဘူး---။ `ကို နဲ့ ငွေ ဟာ တန်းတူ အရေးပါတယ်´တဲ့--- ကျနော် ည့ံခဲ့တာပဲဖြစ်မှာပါ--- Debit တွေလုပ် Credit တွေထားရအောင် အဲလောက်ထိလဲ accounting မဆန်ချင်ပါနဲ့တော့---။ အချိုးမကျတဲ့ ငါ့သုညတွေထဲ နံရိုးတစ်ချောင်းကို အစဖျောက်ဖို့ ကြိုးစားရင်း --- ကြိုးစားရင်း ချစ်ခြင်းတရားဆိုတဲ့ စာပိုဒ်အောက်အသောကမင်းလောက်တော့ ကြွေအံ ပစ်တမ်း ကစားတတ်ခဲ့မယ်ထင်ရဲ့---။

ငါတို့ ဝေးသွားတဲ့အခါ....

တစ်ယောက်နဲ့ တစ်ယောက် စိတ် အခန့်မသင့်လို့ စကားများ ရန်ဖြစ်တဲ့အခါ ငါ့ ကို မငဲ့ညှာပါနဲ့။ ငါက အမြဲမှန်တယ် ထင်တတ်လွန်းလို့။ ည အိပ်ရာဝင်ချိန်ရောက်တိုင်း နင့်ဆီကို ဖုန်းဆက်ဖို့ ငါ မေ့နေတဲ့အခါ ကျိတ်မှိတ်ပြီး အိပ်ပစ်လိုက်ပါ။ 'မေ့နေတာမဟုတ်ဘူး။ မအားသေးလို့ပါ' ဆိုတဲ့ အလိမ်အညာစကား နင် ကြားရဲမှာ မဟုတ်လို့။ မနက်မိုးလင်းလို့ ငါဖုန်း မဆက်သေးတဲ့ အခါ လစ်လျူရှူလိုက်ပါ။ 'အိပ်ရေးပျက်မှာ စိုးလို့'ဆိုတဲ့ ဝတ္တရားမဲ့ ဘာသာစကား နင် ကြားရဲမှာ မဟုတ်လို့။ ရုံးချိန်နီးလာလို့ လာမခေါ်နိုင်သေးတဲ့ ငါ့ကို နင် ဒေါသ ထွက်မနေပါနဲ့။ စောစော မထတတ်တဲ့ ငါ့အကျင့်ကို နင် ကူဖျောက်ပေးနေရမှာ စိုးလို့။ နေ့လည်ခင်း ထမင်းစားနားလို့ ဖုန်းထဲက ငါ့ အကြင်နာစကား နင် မကြားရတဲ့ အခါ ငါ့ကို စိတ်ဆိုးမနေပါနဲ့။ 'ပင်ပန်းနေလို့' ဆိုတဲ့ အလိမ်အညာစကား နင်ကြားရဲမှာ မဟုတ်လို့။ ညနေ ရုံးဆင်းချိန်ရောက်လို့ လာ မကြိုနိုင်သေးတဲ့ ငါ့ကို နင် ဒေါသ ထွက်မနေပါနဲ့။ 'ငါ့ ရုံးချိန်က ပြောပြလို့မရဘူး။ အချိန်မှ မမှန်တာ'ဆိုတဲ့ ယုတ္တိ မရှိတဲ့ စကား နင် ကြားရဲမှာ မဟုတ်လို့။ အားလပ်ရက် ရောက်လို့ နင့်အတွက် အချိန်မပေးနိုင်တဲ့ အခါ ငါ OT ချိန်တွေကို လစ်လျ...

မာနဟာ သဘာဝတရားကို သစ္စာဖောက်တယ်

လက်ပတ်နာရီ ပတ်မထားတဲ့ လွမ်းဆွတ်မှုကို အချိန်သတ်မှတ်လိုက်တိုင်း ကျွန်တော် သူ့ကို နာနာကျင်ကျင် လွမ်းဖြစ်တယ်။ ကျမ်းအဆူဆူနဲ့ ကျိန်ဆိုပြလို့မရတဲ့ စိတ္တဇနာမ်ဟာ အတိတ္တရဝုတ္တိနဲ့ ချိန်ထိုးလို့မနှိုင်းယှဉ်သာတဲ့အခါ ခပ်ရိုင်းရိုင်းနဲ့ ရူးသွပ်လို့ မရတဲ့ ဘာသာတရားလို လူကြီးလူကောင်း ယောင်ဆောင်လိုက်ရ။ သတိတရနဲ့ လွမ်းတဲ့အကြောင်းပြောတိုင်း ခပ်ဟဟ ရယ်လိုက်ရုံကလွဲလို့ ခပ်ချွဲချွဲလဲ သူမ နေမပြတော့ဘူး။ အဲဒါကို ကမ႓ာပျက်တယ်လို့ပဲ သတ်မှတ်မလား။ နှစ်ယောက်သားဆုံတွေ့တဲ့အချိန်တိုင်း ကိုယ့်အသက်ရှုလမ်းကြောင်းနဲ့ ကိုယ် မောင်းနှင်ရင်း ကိုယ့် ပြဿနာနဲ့ ကိုယ် ပန်းဝင်ခဲ့ကြတာပဲ။ အရေးတယူနဲ့ အလွမ်းထူ မပြတော့ဘူး။ အဲဒါကိုပဲ ဒရမ်မာ ဆန်တယ် ပြောရမလား။ အင်နားရှားရဲ့ သဘောတရားကို ဆန့်ကျင်စွာနဲ့ပဲ ပွတ်တိုက်မှုမရှိတော့တဲ့အခါ အချစ်ဟာ လောင်ကျွမ်းလာတယ်။ အဲဒါဟာ မာန ပဲလေ။ Ellie Goulding ရဲ့ သီချင်းတွေကျ သူမက ကြိုက်ပြန်သတဲ့။ အဲဒီလိုနဲ့ တိမ်စောင်းမှုတွေဟာ ၉၀ ဒီဂရီ ဘယ်လိုပဲချချ သဘာဝတရားက ထောင့်မှန် မကျတော့ဘူး။ # ရွက်လှေ

နွံ

စွဲလမ်းတယ်ဆိုတာ တစ်ယောက်နှုတ်ခမ်း တစ်ယောက်ထိမိချိန်တိုင်း ကိုယ့် စီးကရက်နံ့ကို သူက မွှေးတယ်ထင်သလို သူ့ နှုတ်ခမ်းနီနံ့ကို ကိုယ်က ဘယ်တော့မှ ရိုးအီမသွားခဲ့သလိုမျိုး။ ကိုယ့်အတွက်တော့ ကြောက်စရာကောင်းသလောက် မျှော်လင့်စရာလဲကောင်းနေတာဟာ သူ မပေးခဲ့တဲ့ ကတိတစ်ခုပါပဲ။ ဒီရူးသွပ်မှုကနေ ရုန်းမထွက်နိုင်သေးခင်ထိတော့ သူ လှည့်တဲ့ နဂါးခေါင်းအတွက် နေ့စွဲတိုင်းကို ကိုယ့် ရက်ရာဇာဖြစ်ပေးရ။ တကူးတကနဲ့လဲ ကံကောင်းမပြရတော့ဘူး။ ပုဒ်ဖြတ်ပဲဖြစ်ဖြစ် ပုဒ်စပ်ပဲဖြစ်ဖြစ် ဝေါဟာတစ်ခုကို ကိုယ်ရွတ်ဆိုမိတိုင်း အဲဒီ အဝါရောင်နာမ်စားဟာ သူမရဲ့ အမည်နာမပဲ။ နောက်ကြောင်းကို ပြန်လှည့်ကြည့်လို့ ကိုယ့်အတွက် လွမ်းစရာတွေရှိခဲ့မယ်ဆိုရင်လဲ အဲဒါဟာ မက်မက်စက်စက်ကျနေတဲ့ နှင်းစက်တွေပဲရှိမယ်။ တစ်ခါတစ်ခါ တစ်ယောက်ယောက်သိမြင်စေဖို့ ပွင့်ပွင့်လင်းလင်း ကြွေကွဲပြလိုက်တာဟာ အမှန်တကယ် ကွဲကြေသွားတဲ့အခါ တိတ်တိတ်လေးပြန်ကြေကွဲနေလိုက်ရတာမျိုး။ အတိတ်လား အရိပ်လား တကယ်ဖြစ်မနေတာချင်း အတူတူ ဒီဇင်ဘာရောက်တိုင်း သူ့လည်တိုင်မှာ ဖရိုဖရဲကျနေတဲ့ ဆံစတွေကို ယုယုယယ သပ်တင်ပေးချင်မိခဲ့။ အဲဒီလိုမျိုး နောင် အခွင့်ကြုံတိုင်း ထမင်းစားပြီးပြီလား မေးမယ်။ ရေချိုးပြီးပြီလား မေးမယ်။ ဆံပ...

မျှော်လင့်ခဲ့ရသော ... ငုဝါ

(၁) "သွားတော့မယ်"တဲ့။ သူ့ဆီက အစိမ်းရင့်ရောင်စကားလုံးတွေ ပွင့်ထွက်လာချိန် ကျွန်တော် ခဏတာ တိတ်ဆိတ်သွားတယ်။ ----------- ---------------------- ------------------ -----'------------------။ (၂) သဘာဝတရားက ဇယားချပေးလိုက်တဲ့ ကံကြမ္မာဟာ လူသားတိုင်းအတွက် မထင်မှတ်တဲ့ တိုက်ဆိုင်မှုတွေကို တစ်ခါတစ်ခါ ပေးတတ်တယ်။ ဘဝမှာ မျှော်လင့်ချက်ရောင်ခြည် ရဲရဲလေးအပြင် ပိုမလင်းလတ်ခဲ့ရဖူးပေမယ့် မိုးတွေရွာတဲ့ အဲဒီနေ့မှာ သူမရဲ့ မိုးပြာရောင်ထီးတစ်လက်က ကိုယ့်အတွက် အရမ်းကို ကျယ်လွန်းခဲ့တယ် ထင်ရ။ (၃) တဆတ်ဆတ်တုန်နေတဲ့ ထီးကိုင်လက်တစ်စုံကို မြတ်နိုးစွာ ကြည့်နေမိတာကလွဲရင် ခရေပွင့်ကြွေကျသံကို အရင်အချိန်တွေလို ကဗျာဆန်ဆန်နားမထောင်မိတော့ဘူး။ ပတ်ဝန်းကျင်ကလှုပ်ရှားမှုတွေကို သတိမထားဖြစ်တော့ဘူး။ နောက် ... မရိုးသားတဲ့ စိတ်ကို ဘရိတ်အုပ် ထီးတစ်ချောင်းတည်းအောက်မှာ "ကျွန်တော်တို့က သူငယ်ချင်းတွေပါ"ဆိုပြီး (သူလို ကိုယ်လို) စကားတွေပြော တုန်နေတဲ့ အသံကို အားတင်းပြီးထိန်း (သူလို ကိုယ်လို) ရယ်မောပစ်ခဲ့ကြသေးတယ်။ ဒါဟာ ကိုယ့်တို့အတွက် သေသပ်လှပစွာ အောင်မြင်ခဲ့တဲ့ စိတ်ကူးယဉ် ဇာတ်ဝင်ခန်းတစ်ခုပေါ့။ (၄) မျိုသိပ်ခြင်း အတတ်ပညာကို မ...

Crush သို့

တစ်ခါတုန်းက စိတ်ကူးယဉ်ခဲ့ဖူးသလို တစ်ဖက်သတ်အချစ်ဆိုတာ ကာရံတွေထဲမှာတော့ သိပ်ကိုလှတယ်။ သူ ခပ်ဟဟ ပြုံးလိုက်ချိန်တိုင်း ကိုယ်ဟာ ဒီကမ႓ာကနေ ခပ်ခွာခွာ လွှင့်ထွက်သွားသလိုမျိုး။ ကြည့် ..... ဘယ်လောက်တောင် အချစ်ဆန်လိုက်တဲ့ အတ္တလဲ။ လက်ခံရရှိထားတဲ့ ပတ်သက်မှုတစ်ခုနဲ့တင် သူ့ဘဝတစ်ခုလုံးစာ ကိုယ်ပဲ ဖြစ်နေလိုက်ချင်တာ။ ပျော်ရွှင်မှုတွေပဲ ဖြစ်ဖြစ် ဝမ်းနည်းမှုတွေပဲ ဖြစ်ဖြစ် သူနဲ့ ပတ်သက်လာတဲ့ ဖြစ်တည်မှုတိုင်းဟာ ကိုယ့်အတွက်တော့ ဘယ်သူမှ ဖန်ဆင်းပေးမထားတဲ့ အပြာရောင်ရှင်သန်ခြင်းပဲ။ အနာဂတ်ဆိုတဲ့ အရာသာ တကယ်ရှိခဲ့ရင် အဲ့ဒါဟာ သူ့ကိုယ်သင်းနံ့လေး ကိုယ့်ဝင်သက်နားမှာ ဖြတ်ပြေးသွားတဲ့အချိန်လေးပဲ ဖြစ်မှာ။ တစ်ဖက်သတ်ဆိုတာ သူကြည့်ခဲ့ဖူးတဲ့ ကိုးရီးယားစီးရီးလောက် ဒရမ်မာ မဆန်တာ သိမှာမဟုတ်ဘူး။ ဖြစ်နိုင်ရင် ကိုယ်က သူ့မျက်စောင်းတွေကို ကိုယ်သိပ်ရေးချင်ခဲ့တဲ့ ကဗျာတစ်ပုဒ်ထဲမှာ ထည့်ပြီး တစ်လုံးချင်း ... တစ်ရွက်ချင်း ... ရင်နဲ့ ရင်းပြီး ထည့်ထားချင်ခဲ့မိတာ။ ပိုင်ဆိုင်ခြင်းလား စွန့်လွှတ်ခြင်းလား သူ့ နှုတ်ခမ်းနီနီလေးတွေတွန့်ကွေးသွားတာတွေ့တိုင်း ကျေနပ်နေမိမှတော့ "အချစ်ဟာ ဘာလဲ" ဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုကိုယ် ပြန်မမေးချင်တော့ဘူး။ အ...

နွားဆွဲတာ ခံလိုက်ရတဲ့ ကျားတွေ

နွားကွဲလို့ ကျားဆွဲတာ မဟုတ်ဘူး အမေ။ ကျားတွေကွဲလို့ နွားတွေဆွဲတာ။ အနီနဲ့ အစိမ်း ဂိမ်း ကစားရာကနေ စခဲ့တဲ့ဇာတ် ဘယ်သူ့ နားခေါင်းထဲက သွေးတွေထွက်ခဲ့သလဲ။ အဲဒီ အယောင်ပြ ဂတိတွေအောက် ဘယ်သူ့ စည်းလုံးခြင်းတွေ ပျောက်ခဲ့သလဲ။ ဒါက နွားကွဲလို့ ကျားဆွဲတာ မဟုတ်ဘူး။ ကျားကွဲလို့ နွားဆွဲခံရတာ။ ကိုယ်ထမင်းကိုယ်စားပြီး သူ့များပကာသနအတွက် ယှဉ်ပြိုင်ပေးနေကြတဲ့ သိပ်ပြီး လွတ်လပ်ချင်သူကြီးတွေကို ပြောချင်တယ် အမေ။ ကိုယ့်လယ်ကွင်းထဲမှာ ကိုယ့်ဘာသာရုန်းပြီး သူ့များ ထိုင်ခုံတစ်လုံးရဖို့ အချင်းချင်း တိုက်ခိုက်နေကြတဲ့ သိပ်ပြီး အမျိုးချစ်သူကြီးတွေကို ပြောချင်တယ်။ ကိုယ့်ချွေးကို ကိုယ့်ဘာသာသုပ်ပြီး ကိုယ့်လည်ဂုတ်သွေးစုပ်ချင်တဲ့ သူတွေအတွက် အချင်းချင်း ဆဲရေး တိုင်းထွာနေကြတဲ့ သိပ်ပြီး စည်းလုံးကြသူကြီးတွေကို ပြောလိုက်ပါဦးမယ် အမေ။ အဲဒါဟာ နွားကွဲလို့ ကျားဆွဲတာ မဟုတ်ဘူး။ ကျားကွဲလို့ နွားဆွဲခံရတာ။ စာသင်ခန်းကိုသွားမယ့် ခြေလှမ်းတွေထက် ဘုံဆိုင်ဆီ ဦးတည်တဲ့ ခြေလှမ်းတွေကို ပိုပြီး အားပေး အားမြှောက်လုပ်တဲ့အခါ ဦးသန့် ဟာ ကိုယ့်အဖေလောက် ဉာဏ်မကောင်းဘူး ပြောချင် ပြောမှာပေါ့။ “ပြိုင်တူတွန်းလျှင် ရွှေ့နိုင်ပါသည်” ဆိုတဲ့ စာသားကလဲ “ပြိုင်တူသောက်လျှင် မှ...

ဒီကဗျာကို ဒုက္ခသစ္စာလို့ လှလှပပ ခေါင်းစဉ်တပ်မယ်

ဒီပုံပြင်ရဲ့နိဂုံးဟာ "အသက်ထက်ဆုံး ပေါင်းဖက်ကြလေသတည်း"လို့ အဆုံးမသတ်ခဲ့ပေမယ့် နိဒါန်းကတော့ "ဟိုရှေးရှေးတုန်းက"နဲ့ စတယ်။ ဇာတ်လမ်းအစကနေ ဇာတ်လမ်းအဆုံးအထိ အရာရာဟာ ပုံမှန်ပါပဲ လို့ပြောဖို့ အကြောင်းအရာတစ်ခုတောင် ငါ့မှာ လုံလုံလောက်လောက် မရှိခဲ့ဘူး။ ကိုယ့်မျက်စိရှေ့က ကလေးတွေ နို့ဆီဗူးခွံမှာ အပ်ချည်ကြိုးတွေတပ်ပြီး ဖုန်းပြောတမ်း ဆော့ကစားနေတာတွေ့ရင် နည်းပညာခေတ်ဟာ ငါ့အတွက် စောက်သုံးမကျခဲ့ခြင်းတွေချည်းပါပဲ။ မင်း တစ်ခုခုကို လိုအပ်နေချိန် ငါ့ကို miss call တစ်ကြိမ်ပေးပါ။ မင်း ဘာတစ်ခုမှ မလိုအပ်တော့တဲ့အချိန် Good bye ဆိုတဲ့ massage တစ်စောင်လောက်တော့ ပို့ပါ။ မတူညီတဲ့ စာမျက်နှာတွေပေါ်က တူညီတဲ့ နေ့စွဲတွေရယ် အင်္ဂလိပ်အက္ခရာ သုံးလုံးသာပါတဲ့ ကီးချိန်းတစ်ခုရယ် ပြီးတော့ ဘယ်တော့မှ ခွဲမသွားပါဘူးလို့ ဂတိပြုလက်မှတ်တွေ ရေးထိုးထားတဲ့ အဖြူရောင် ထီးတစ်လက်ရယ် အိပ်ယာသေးသေးလေးတစ်ခုပေါ်မှာ လူသေတစ်ယောက်ဟာ သမုဒယသစ္စာကို ခံစားနေတယ်။ ဘယ်တော့မှ မိုးလင်းမယ်မှန်း မသိတဲ့ ညမှာ နေဝင်သွားတဲ့အချိန်တိုင်း နေ့တစ်နေ့ကုန်ဆုံးသွားတာမဟုတ်ဘူးလို့ တွေးတယ်။ နောက်ဆုံး စာမျက်နှာတိုင်းဟာ ဇာတ်သိမ်းမဖြစ်နိုင်ဘူးလို့လဲ တွေးတယ်။ အဲ...

၂၀၁၂ ဝန်းကျင်၌ လွတ်ကျခဲ့ဖူးသော အပိုင်းအစများ

Image
တစ်ဆစ်ဆစ် နာကျင်ကိုက်ခဲနေတဲ့ဆန္ဒတွေပါ။ ပြန်မရပေမယ့် လွမ်းခွင့်လေးတော့ရှိချင်ပါတယ်။ ညနေတိုင်း မိုးညှင်းအကြော်ဆိုင်ကို လမ်းလျှောက်ပြီး သွားစားရတဲ့ အရသာကို မမေ့ဘူး။ ကျောင်းဝန်းထဲက စက္ကူပန်းတွေကို မမေ့ဘူး။ တမာတန်းကို မမေ့ဘူး။ ကိုကြီး ဇော်တင် ကို မမေ့ဘူး။ အခုချိန် တစ်ယောက် တစ်နေရာဆိုပေမယ့် ဘယ်ရောက်နေမှာမှန်း မသိတဲ့ ရည်းစားဟောင်းလဲ အိမ်ထောင်ရက်သားတွေ ကျနေလောက်ပြီ။ လွမ်းရပါတယ်။ ဒီလို ည တွေမှာ ပို လွမ်းရပါတယ်။ 2012 ခုနှစ် ဝန်းကျင်များဆီမှာ 3 idiots ရုပ်ရှင် နာမည်ကြီးလာတော့ စာမကြိုးစားချင်ကြတဲ့ ကိုယ်တို့ သူငယ်ချင်း တစ်သိုက်က ရန်ချို ကို အားကျကြတယ်။ တားမရတဲ့ ဝါသနာကတော့ လူတောမတိုးတဲ့ ကဗျာတွေရေး ခင်မင်ရင်းနှီးသူတွေ လျှောက်ပေးပြီး လူတွင်ကျယ်လုပ်ရတဲ့အရသာပါပဲ။ ဇော်ဝင်းမောင် ရေ... မင်း ဘယ်ရောက်နေလဲ။ မိုးလင်း .... သူငယ်ချင်း မင်းလဲ အိမ်ထောင်ကျသွားပြီး သမီးလေးမွေးတယ်ကြားတယ်။ Vegus စက်ရုံကြီး ပျက်သွားရင် ငါတို့လဲ ဆေးလိပ် ပြတ်မှာပါ ပြောခဲ့တယ်။ တကယ်တမ်း ပျက်သွားချိန်ကျ Ruby ပြောင်းသောက်တဲ့ သစ္စာတရား သိပ်ပြီး ကြီးမားကြသူကြီးတွေ .... ထွေးညိုက စျေးချိုလို့ အာမီရမ် မှ ချတတ်ကြတဲ့ သိပ်ပြီး ကျန်းမာရေး လိုက်စားကြသ...

၂ဝရာစု နှောင်းပိုင်း အဖေရယ်၊ ကျနော်ရယ် ပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲရယ်

အဖေနဲ့ ဝေးတဲ့ ဒေသကနေ အဖေ့ သတင်းတွေ ကျနော်ကြားရတယ် နားဝမှာ တိုးဝင်လာအသံ ကျနော့် ရင်မှာတော့ ဗြောင်းဆန်သွားတယ် အဖေ--- ဘာတဲ့----။ " ဖေဖေတို့ အမျိုးက ခြင်္သေ့မျိုး" တဲ့---။ ဒါနဲ့တောင်မှ ကုန်စျေးနှုန်းတွေက တက် သီးနှံစျေးတွေကျ တော့ အဖေ ဘာလို့ " က" မနေခဲ့တာလဲ။ လယ်ထဲက ရသမျှ အကြွေးရှင်တွေ "မ- မ" သွားလိုက်တာ အဖေ့ စပါးတွေ အိမ်က စပါးကျည်ထဲရော ရောက်လိုက်ရဲ့လား အဖေ--- တွေတွေကြီး ငေးကြည့်နေတဲ့ အဖေ့ မျက်ဝန်း ဘယ်လိုမှ မလင်းခဲ့တာ အဲဒီ စပါးခင်းကြီးက သိတယ်---။ ဒါနဲ့တောင်မှ အဖေက ခြင်္သေ့ တဲ့။ "မင်းအဖေ က ခြင်္သေ့ပါလားကွ"လို့ ပြောတဲ့ အသံကြားတိုင်း မနာကျည်းတတ်တဲ့ အဖေ့ကို ကျနော် နာကျည်းချင်တယ် အဖေ။ အိမ်ရှေ့က ကတ္တရာလမ်းမပေါ် သစ်လုံးကြီးတွေ တင်သွားတဲ့ ကုန်တင်ကားကြီးတွေကို နာကျည်းတယ်။ တောင်တန်းကြီးတွေရဲ့ အလှတရားကို ဖျက်ဆီးတဲ့ မြေကော်စက်တွေကို နာကျည်းတယ်။ တစ်ဖက်ကမ်းမှာ ထိန်ထိန်ငြီးနေတဲ့ မီးလုံးတွေမြင်တိုင်း အဖေ့အိမ်က အမေ့ရဲ့ရေနံဆီမီးခွက်ကို နာကျည်းတယ်။ ဗိုက်ဆာလို့ ထမင်းအိုး အလှပ် ဆန်အိုးထဲ ဆန်ပြတ်နေတယ် ဆိုတဲ့ အဖြစ်ကိုလည်း ကျနော် နာကျည်းတယ်။ နောက်ဆုံးတော့ ကျနော် နဲ့ ကျနော်ပဲ န...

ရွက်လှေ (၃)

ဆုံးဖြတ်ချက် အမှားကြီးတွေ လုပ်ရပ်အမှားကြီးတွေနဲ့ လူဖြစ်လာခဲ့တဲ့ ကောင်ပေါ့။ ဘယ်သူ့ကိုမှ မနာကျင်စေလိုတဲ့ အတ္တသမားတစ်ယောက်ရဲ့ နောင်တပေါ့။ ကိုယ့် အဆင်မပြေခြင်းတွေကို လိမ်လည်ထားတဲ့ အမေ့ရဲ့ ဒုက္ခအိုးလေးပေါ့။ ဘဝဟာ အဲလိုပဲ... Suicide လုပ်ပစ်ချင်စရာကောင်းလောက်အောင်ကို သာယာနာပျော်ဖွယ် အတိ။ # ရွက်လှေ

ငုဝါ ... သို့

"ဒါ အချစ်လား" လို့ ​မေးရင် "မဟုတ်ဘူး" လို့ပဲ ​ဖြေမိမယ်။ စိတ်နဲ့ လွှင့်တဲ့ စက္ကူလေတံခွန်လိုမျိုး ... အမြင့်ဘယ်​လောက်တက်တက် ကြိုးပျက်စရာ အ​ကြောင်း ငါတို့မှာမှ မရှိတာ။ ပြတ်​တောက်သွားနိုင်တဲ့ သက်ဝင် ယုံကြည်မှု​တွေအစား မင်း ​ခြေဖဝါး ကိုပဲ ပိုပြီး ဦးခိုက်ချင်တဲ့ ​ကောင် ... ဘုရား​ဟော​ တော့ "အတ္တသမံ ပေမံ နတ္ထိ" တဲ့ ဟင့်အင် ငါ့မှာ​တော့ " ငုဝါ ဂု​ဏော အန​​န္တော" ပါပဲ။ # ရွက် ​​လှေ

သားလေးကြီးရင် ဘာလုပ်မယ်

Image
ဘ၀နဲ့ချီပြီးပြောရရင် အိပ်မက် ဆိုတာတွေကို အများကြီး မက်ဖူးပါတယ်။ ပလ္လင်ပေါ်တက်ထိုင်ခဲ့ဖူးတာကအစ မြွေတွင်းထဲကျခဲ့ဖူးတဲ့အထိ အိပ်မက်တွေက တသီတစ်တန်းကြီးပါပဲ။ တစ်ခါက အမေက မေးလို့ ဖြေခဲ့ဖူးတယ်။ “သားက ချက်ခုံပေါ်က နယ်ရုပ်လေးမဖြစ်ချင်ဘူး .. ချက် ထိုးတဲ့သူပဲ ဖြစ်ချင်တာ” လို့ ။ ထားပါ … ဒါက လူမှန်း သူမှန်း သိတတ်စအရွယ်တုန်းက မေးလို့ ဖြေခဲ့တဲ့ အဖြေ။ ခု ပြောပြချင်တာတွေကတော့ ထုံးစံအတိုင်း သူများ​တွေ ပြောပြနေကျပုံပြင်တွေလိုပါပဲ။ ကျနော့်ရဲ့ ဇာတ်လမ်းကလဲ ဟိုရှေးရှေးတုန်းကနဲ့ စရမှာပါ။ အဖေ၊ အမေကစလို့ တခြား ကိုယ့်ပတ်၀န်းကျင်က ချစ်စရာအရွယ် ကလေးလေးတွေမြင်ရင် “ကြီးရင် ဘာလုပ်မှာလဲ” ဆိုတဲ့ မေးခွန်းကို ခင်များတို့ မေးဖူးကြမှာပါ။ ကျနော့ ပတ်၀န်းကျင်က နီးစပ်ရာအမျိုးတွေ၊ ချစ်တဲ့ ခင်တဲ့သူတွေလဲ မေးဖူးကြပါတယ်။ “သားလေး ကြီးလာရင် ဘာလုပ်မှာလဲ” ကျနော်ကတော့ ယောကျာ်းလေးအများစု ငယ်ဘ၀မှာ ရှိခဲ့ဖူးတဲ့ ရည်မှန်းချက်တိုင်းလိုပါပဲ။ “သားသားကြီးလာရင် စစ်သားကြီးဖြစ်ချင်တယ်” ဆိုပြီး မပီကလာ ပီကလာနဲ့ ပြောခဲ့တာ ခုထိ မှတ်မိပါသေးတယ်။ ဆိုတော့ ကျနော်ငယ်ငယ်က စစ်သားကြီး ဖြစ်ချင်တယ်ပေါ့ဗျာ။ ကလေး သဘာ၀ ကစားတဲ့ ကစားနည်းတွေကအစ သိုင်းချတာတွေ၊ စစ်တိုက်တာ...

ကျနော့်ရဲ့ ဓူ၀ံကြယ် (သို့မဟုတ်) ဖေဖေ

Image
ဘာမှ မပြောခင် သူ့ကို အရမ်းချစ်တဲ့ကြောင်း ပြောချင်ပါတယ်။ ဒီလို ပြောလိုက်ရုံနဲ့ ပြီးပြည့်စုံသွားတယ် လို့တောင် ကျနော်မထင်မိပါဘူး။ တကယ်ပါ … ကျနော့် သူ့ကို အရမ်းချစ်ပါတယ်။ ဖြတ်သန်းခဲ့ဖူးတဲ့ အမှတ်တရတိုင်းမှာ သူ့ အတွေးအခေါ်တွေ သူ့အယူအဆတွေ၊ သူ့လုပ်ရပ်တွေ ကျနော့်မှာ ကပ်ပါ နေပါတယ်။ ကျနော့် သူရဲကောင်းဟာ သူပါ။ ကျနော်ရဲ့ လမ်းပြကြယ်ဟာ သူပါ။ ကျနော့် မိုးကောင်းကင်ဟာ သူပါ။ ဘာကိုမှတတ်သိ နားမလည်ခင်ကတည်းက လူတိုင်းဟာ အမှားလုပ်တတ်ကြောင်းကို သူပြောပြခဲ့တာ။ စကားကို လေးလုံးကွဲအောင်မပြောတတ်ခင်ကတည်းက လူတွေအပေါ်မှာ မလုပ်သင့်တဲ့အလုပ်မျိုးကို မလုပ်ဖို့ ပြောပြခဲ့တာ။ ကျနော့်အတွက်တော့ မေတ္တာတရားရဲ့ ပြယုဂ်ဟာ ဗုဒ္ဓမဟုတ်ပါဘူး။ ကျနော့်ရဲ့ ဖေဖေပါ။ ဘ၀တစ်လျှောက်လုံး အဖေ လို့ လုံး၀ မခေါ်ခဲဖူးပါဘူး။ အဖေ လို့ ခေါ်လို့ မချစ်ဘူး ပြောတာတော့ မဟုတ်ပါဘူး။ ငယ်ငယ်က အမေ သင်ပေးတာက အဖေလို့ခေါ်တာ ရိုင်းတယ်ဆိုတဲ့ အသိက အခုချိန်ထိ ရှိနေလို့ပါ။ ထားပါတော့ … ကျနော့် ငယ်ငယ်က ဖေဖေကို အရမ်းကြောက်ပါတယ်။ ဘာလို့လဲဆို အရိုက်ကြမ်းလို့ပါ။ ရိုက်ပါတယ်။ တော်တော်ကို ရိုက်ပါတယ်။ ခုချိန်မှာ ဖေဖေရိုက်တဲ့အကြောင်းကို ပြောရတာ တကယ့်ကို ဂုဏ်ယူရတဲ့အချိန်ပါပဲ။ ပထမ တခါ...