မနီးစပ်ခြင်း

မဝေးကွာခဲ့ပါဘူး---
ဆယ်ပြားစေ့ တစ်ခုစာဆိုပေမယ့်
သူမနဲ့ ကျနော့် ကြား
စကားလုံးတွေပဲ
အက္ခရာထပ်အောင် ခြားခဲ့တယ်
လွမ်းတယ်လို့ ပြောရအောင်လဲ
ရေမြေတွေ ခြားနေခဲ့တာမှ မဟုတ်ပဲလေ---
ပုစ္ဆာဆန်စွာ ထွန်းညှိခံခဲ့ရတဲ့
ကျနော့် လခြမ်းလေးက
သီအိုရီတွေ ဘောင်ခတ်ထားတဲ့
ဟော... ဟို ကောင်းကင်ထဲမှာမှ လင်းလတ်ချင်သတဲ့လေ---

ကျနော်ကတော့
ခေတ်ပေါ်လား ခေတ်ကျော်လား
မဝေခွဲတတ်ဘူး---။
`ကို နဲ့ ငွေ ဟာ တန်းတူ အရေးပါတယ်´တဲ့---
ကျနော် ည့ံခဲ့တာပဲဖြစ်မှာပါ---

Debit တွေလုပ်
Credit တွေထားရအောင်
အဲလောက်ထိလဲ accounting မဆန်ချင်ပါနဲ့တော့---။

အချိုးမကျတဲ့ ငါ့သုညတွေထဲ
နံရိုးတစ်ချောင်းကို အစဖျောက်ဖို့ ကြိုးစားရင်း ---
ကြိုးစားရင်း
ချစ်ခြင်းတရားဆိုတဲ့ စာပိုဒ်အောက်အသောကမင်းလောက်တော့
ကြွေအံ ပစ်တမ်း ကစားတတ်ခဲ့မယ်ထင်ရဲ့---။

Comments

Popular posts from this blog

၂၀၁၂ ဝန်းကျင်၌ လွတ်ကျခဲ့ဖူးသော အပိုင်းအစများ

ရွက်လှေ (၃)

Crush သို့