ငုဝါ ... သို့
"ဒါ အချစ်လား" လို့ မေးရင်
"မဟုတ်ဘူး" လို့ပဲ ဖြေမိမယ်။
စိတ်နဲ့ လွှင့်တဲ့ စက္ကူလေတံခွန်လိုမျိုး ...
အမြင့်ဘယ်လောက်တက်တက်
ကြိုးပျက်စရာ အကြောင်း ငါတို့မှာမှ မရှိတာ။
ပြတ်တောက်သွားနိုင်တဲ့ သက်ဝင် ယုံကြည်မှုတွေအစား
မင်း ခြေဖဝါး ကိုပဲ ပိုပြီး ဦးခိုက်ချင်တဲ့ ကောင် ...
ဘုရားဟော တော့ "အတ္တသမံ ပေမံ နတ္ထိ" တဲ့
ဟင့်အင်
ငါ့မှာတော့ " ငုဝါ ဂုဏော အနန္တော" ပါပဲ။
#ရွက်လှေ
Comments
Post a Comment